`` ငွေရအောင်ရှာပါ´´
====================
Crd to original
====================
အချစ်ကို ငွေနဲ့ဝယ်လို့မရပေမယ့်
ချစ်တဲ့သူဆီအရောက်လှမ်းဖို့
ငွေနဲ့တံတားခင်းလို့ရတယ်...။
အရသာကိုငွေနဲ့ဝယ်လို့မရပေမယ့်
အရသာရှိတဲ့အစားအစာကို
ငွေကဆောင်ကျင်းပေးနိုင်တယ်...။
သာယာတဲ့မိသားစုဘဝကို ငွေနဲ့ဝယ်လို့မရပေမယ့်
ငွေရှိရင် သာယာတဲ့မိသားစုဘဝကို
တည်ဆောက်နိုင်တယ်...။
မေတ္တာကို ငွေနဲ့ဝယ်လို့မရပေမယ့်
ကိုယ့်ကိုပေးကမ်းနေတဲ့သူကိုတော့
ဘယ်သူကမှ မမုန်းကြပါဘူး...။
ကျန်းမာရေးကိုငွေနဲ့ဝယ်ယူလို့မရပေမယ့်
ကျန်းမာလာအောင် ငွေနဲ့ဆေးကုနိုင်တယ်...။
မသေခြင်းတရားကို ငွေနဲ့ဝယ်လို့မရပေမယ့်
သေခြင်းတရားကိုငွေက နောက်ဆုတ်ခိုင်းနိုင်တယ်...။
ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့မရပေမယ့်
ငွေရတဲ့သူတိုင်း ပျော်ရွှင်ကြတယ်...။
ငွေသည် အလှအပကိုဝယ်လို့မရပေမယ့်
ငွေက အလှအပကိုဖန်တီးနိုင်စွမ်းရှိတယ်...။
စိတ်ချမ်းသာမှုကို ငွေနဲ့ဝယ်လို့မရပေမယ့်
ငွေရတဲ့သူတိုင်းကတော့
စိတ်ချမ်းသာကြတာချည်းပါပဲ...။
စစ်မှန်တဲ့ချစ်ခြင်းတွေသာ ပျောက်ပျက်ချင်
ပျောက်ပျက်သွားမယ်
ငွေရှိတဲ့သူဟာ ငွေရှိနေသမျှကာလပတ်လုံး
ဒါတွေမဆုံးရှုံးဘူး...။
ငွေက အရေးမကြီးဘူးဟုတ်လား . . . ?
သင်ခွက်ဆွဲရတဲ့တစ်နေ့
ငွေရဲ့ တန်ဖိုးကိုသိလာလိမ့်မယ်...။
ငွေမှာ စွမ်းအားတွေရှိတယ် . . .
လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့
ခန္ဓာကိုပါပြောင်းလဲပစ်နိုင်တယ်
မုန်းနေတဲ့သူကိုချစ်အောင်လုပ်နိုင်တယ်
မဲ့နေတဲ့သူကိုပြုံးအောင်လုပ်နိုင်တယ်
ငိုနေတဲ့သူကိုရယ်အောင်လုပ်နိုင်တယ်
အမှန်တရားကို အမှားတရံဖြစ်အောင်လုပ်နိုင်တယ်။
မူရင်းရေးသူအား Creditပေးပါသည်။
==========
9Plus Myanmar
View more on Facebook
This site was designed with Websites.co.in - Website Builder
We appreciate you contacting us. Our support will get back in touch with you soon!
Have a great day!
Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support