X

By Sayar Myaat
Fri, 30-Aug-2019, 15:33

???ဆေးထိုးချင်စိတ်လွန်ကဲခြင်းနှင့် တစ်သက်စာနောင်တများ??? (cr...

???ဆေးထိုးချင်စိတ်လွန်ကဲခြင်းနှင့် တစ်သက်စာနောင်တများ??? (crd-original uploader) လွန်ခဲ့တဲ့ သုံးရက်လောက်က ကျွန်တော့်ဆီကို ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တစ်ဦး ညဘက်ကြီး ဖုန်းဆက်သည်။ “ ဆရာ ကျွန်တော့်သားလေး အသက်က ၅ နှစ်ပါဆရာ၊ ဆင်တုပ်ကွေးဖြစ်လို့ ဆေးထိုးလိုက်တာ အခု ကလေးက ထော့နဲ့ ၊ထော့နဲ့ ဖြစ်နေလို့ပါဆရာ”.. ကျွန်တေ်ာ့ ရင်ထဲမှာ ထိတ်ခနဲ့ ဖြစ်သွားသည်။ ❓မေး ……“ အဲ့လိုထော့နဲ့ ထော့နဲ့ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ” ‼️ဖြေ …… “ တစ်လခွဲလောက်ရှိပါပြီဆရာ” ❓မေး……. “ ထော့နဲ ထော့နဲ့ဆိုတာထက် တိတိကျကျလေး ပြောပေးလို့ရမလား” ‼️ဖြေ …… “ ဘယ်ဘက်ခြေတစ်ဖက်က ဒရွတ်ဆွဲချင်သလိုပဲ ဆရာ၊ အဲ့ဒါဘာလုပ်ရမလဲဆရာ” ❓မေး……. “ ဟာ သွားပြီ” ………… ရက်စက်လိုက်ကြတာ…. ?? “ဘာလို့များ ကိုယ်တစ်ယောက်စာ ချောင်လည်ဖို့ကို လူအသက်တွေ၊ ဘဝတွေကိုရင်းကြတာလဲ။ ဘာလို့များလဲ။ ဆေးမထိုးတော့ ဘာဖြစ်သွားမှာ မို့လို့လဲ။ ငါးနှစ်အရွယ်ပဲရှိသေးတဲ့ကလေးပါ၊ သူ့မှာ ဘဝတွေ တက်လမ်းတွေ အများကြီးကျန်သေးတယ်၊ အခုတော့ ဒုက္ခိတ မဟုတ်ရင်တောင် ခြေတစ်ဖက်စာနေတဲ့ ကလေးလေးဖြစ်ရှာပြီ” ကျွန်တော်စိတ်အတော်တိုသည်။ အဲ့ဒီညက အိပ်၍ပင်မပျော်။ ကလေးငယ်အတွက် ဆုတောင်းပေးမိသည်။ အမြန်ပျောက်ကင်းပါစေ။??? ?‍♀?‍♀ ကျွန်တော်တို့ရဲ့ ခါးအောက်ပိုင်း ကျောရိုးဆစ်ကြားကနေ ထွက်ပြီ့း ကျွန်တော်တို့ ခြေထောက်တွေ ကောင်းမွန်စွာလှုပ်ရှားနိုင် ဖို့အတွက် ထိန်းပေးနေတဲ့ အာရုံကြောကြီးတစ်ချောင်းရှိတယ်။ အင်္ဂလိပ်အခေါ် Sciatic nerve လို့ခေါ်ပါတယ်။ ဒီ အာရုံကြောကြီးဟာ ခါးအောက်ပိုင်းကျောရိုးဆစ်ကြားက အစပြုပြီး တင်ပါးနဲ့ ခြေထောက်တစ်လျှောက်ကို ဖြတ်သွားပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရရင် ယင်းအာရုံကြောဟာ တင်ပါးဘက် အခြမ်းထက် ပေါင်ခြံနဲ့ ပိုမိုနီးကပ်စွာ တည်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အသားဆေးထိုးတဲ့ အခါမှာ ယင်းအာရုံကြောနဲ့ ဝေးရာဖြစ်တဲ့ ခါးရိုးနဲ့ တင်ပါးအပေါ်ဘက်အခြမ်းမှာ ထိုးကြပါတယ်။ လူကြီးတွေမှာဆိုရင်တော့ တင်ပါးဖွံ့ဖြိုးမှု၊ တင်ပါးအသားများတာကြောင့် အသားဆေး ထိုးလိုက်တဲ့ အပ်ဟာ Sciatic nerve အာရုံကြောကြီးကို ထိဖို့ ရာခိုင်နှုန်းနည်းပါတယ် (ဒါပေမယ့် ကံမကောင်းအကြောင်းမလှပဲ ထိသွားတဲ့ သူတွေလဲ ရှိပါတယ်)။ ဒါပေမယ့် ၁၂ နှစ်အောက် ကလေးတွေမှာ ဆိုရင်တော့ တင်ပါးအသားဖွံ့ဖြိုးမှုနည်းတယ်၊ ဒါ့ကြောင့် တစ်ဆုံးစိုက်လိုက်ရတဲ့ အပ်ရဲ့ အရှည်က ပေါင်အတွင်းဘက် မှာရှိတဲ့ Sciatic nerve ကို ထိသွားနိုင်ချေများတယ်။ နောက်ပြီး နယ်ဘက်မှာ ဆေးထိုးရင်က အပ်အသေးတွေထက် အပ်အကြီးကြီးတွေ သုံးတာများတယ်။ သုံးနေတုန်းပဲ။ အဲ့ဒီလို ဆေးထိုးရင်နဲ့ အပ်ခေါင်းနဲ့ ထိသွားရင်တော့ Sciatic nerve injury ရဲ့ လက္ခဏာတွေ ကို ခံစားရမှာပါ။ ဖြစ်ပါတယ်။ သူရဲ့ လက္ခဏာတွေကတော့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ခြင်း၊ ခြေတစ်ဖက်စာ သွားခြင်း၊ ကွတကွတ လမ်းလျှောက်ရခြင်း စတဲ့ အရာတွေကို ကာလကြာရှည်၊ ကံမကောင်းရင် တစ်သက်လုံးခံစားသွားရမှာ ဖြစ်ပါတယ်။ ⚠⚠ကျွန်တော်အခုတလော ရေးနေတဲ့အကြောင်းအရာတွေ၊ စာတွေက အသားဆေးထိုးတာကို လုံးလုံးလျားလျား ဆန့်ကျင်နေတယ် လို့ ထင်ကြလိမ့်မယ်။ တကယ်တော့ အသားဆေးထိုးတာကို ဆန့်ကျင်တာမဟုတ်ပါဘူး၊ အသက်အရွယ် အလိုက် ထိုးလို့ရတဲ့ အသက်အရွယ် ထိုးလို့ မရတဲ့ အရွယ်ဆိုတာရှိပါတယ်။ အသက်၁၂နှစ်အောက်၊ အသက် ၆၀ နဲ့ အထက် လူနာတွေကို အသားဆေးထိုးခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမယ်။ ဒါပေမယ့် အချို့သော အခြေအနေတွေအရ အထူးကုဆရာဝန်တွေရဲ့ ညွှန်ကြားချက်နဲ့ ထိုးရတယ်ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့လေ၊ ထိုးရမှာပေါ့။ (ဥပမာ ပင်နီစလင်ထိုးတာမျိုး စသည်)။ ?? အသက်ကြီးတဲ့သူတွေအနေနဲ့လည်း အကိုက်အခဲပျောက်ဆေး အသားဆေးထိုးတာမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အိပ်ယာပေါ်လှဲနေရသူတွေဟာ အနာဖြစ်လွယ်သလို၊ ဖြစ်ပြီးရင်လဲ ပျောက်ဖို့ ခက်ပါတယ်။ နောက်ပြီး သက်ကြီးရွယ်အိုတွေကို ဆေးထိုးပြီးတဲ့အခါ အကျိတ်ဖြစ်ရ လွယ်ပါတယ်။ ဆေးထိုးပြီးနောက် အကျိတ်တည်ခြင်း ( injection abscess) ဟာ သက်ကြီးရွယ်အိုတွေမှာ ပြင်းထန်လေ့ရှိပြီး ပိုးသတ်ဆေးတွေ သောက်ရလေ့ရှိပါတယ်။ နဂိုကတည်းကမှ အသက်ကြီးလို့ အားမရှိရတဲ့ ကြားထဲ၊ အိပ်ယာနာ ( bed sore) ကတစ်ဖက်နဲ့ ဆေးကျိတ်ပါတည်ရင်တော့ ဒီအနာနဲ့တင် အသက်ထွက် သွားလို့ရပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့ သူတွေအနေနဲ့လည်း အကျိတ်ဖြစ်ရလွယ်ကူတာဖြစ်လို့ အကိုက်အခဲ ပျောက်ရုံ သက်သက်တော့ ဆေးမထိုးစေချင်ဘူး။ ⚠⚠ ထပ်ပြောပါမယ်။ အသက် ၁၂ နှစ်အောက် နဲ့ အသက် ၆၀ အထက် လူနာတွေကို လုံးဝအသားဆေး မထိုးသင့်ပါ ( ဆေးရုံ၏ ညွှန်ကြားချက်၊ အထူးကု ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် မဖြစ်မနေလိုအပ်လို့ ထိုးသည်မှ အပ)။ အကိုက်အခဲပျောက်ချင်ရုံသက်သက်နဲ့တော့ ဒီိလိုအသက်အရွယ်အပိုင်းအခြားကို ဆေးလုံးဝ မထိုးသင့်ကြောင်း ထပ်မံ့သတိပေးပါရစေ။ အဖျားကျဆေး ထိုးဖို့ လိုမယ်ဆိုရင်တောင် ငြင်းပါ။ ကိုက်ခဲတာကို အများဆုံးခံရလှ တစ်ပတ်ပါ။ တစ်ပတ်မကြာချင်လို့ ဆေးထိုးမိကာမှ တစ်သက်နောင်တရစရာ အဖြစ်မျိုးမကြုံပါစေနဲ့လို့ ဆုတောင်းရင်းသာ…. By Dr.Zaw Htet Aung ( I am your doctor)

View more on Facebook

This site was designed with Websites.co.in - Website Builder

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support