* ခေါင်းဆောင်မတင်ထိုက်သူ ( ၆ ) ယောက် *
===============================
ဂဏန်း ၊ ပုတ်သင်
ကိုင်းပင် ၊ နွားသိုး
လိပ်မျိုး၊ ခွေးအ
ဤခြောက်ဝ နာယက မတင်ထိုက်။
၁။ ဂဏန်း= လက်မထောင်ခြင်း။
၂။ ပုတ်သင်= ပြောသမျှခေါင်းငြိမ့်ခြင်း။
၃။ ကိုင်းပင်= လေသင့်ရာ ယိမ်းတတ်ခြင်း။
၎။ နွားသိုး= ရှူးရှူး ဒိုင်းဒိုင်း လုပ်တတ်ခြင်း။
၅။ လိပ်မျိုး= မိမိဘက်သို့ ယတ်တတ်ခြင်း။
၆။ ခွေးအ= ကောက်ကျစ်ခြင်း။
၁။ ဂဏန်းလိုလူ
===========
ဂဏန်းဆိုတဲ့အမျိုးဟာ အမြဲတမ်း
လက်မတစ်ထောင်ထောင်နဲ့ နေတတ်တယ်။ ငါမှတတ်တာ၊ မင်းတို့ မသိဘူး။ ငါ့ဆရာလာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။အောက်လက်ငယ်သားကို ကျွန်လိုဆက်ဆံတတ်တဲ့ သူမျိုးလို့ ဆိုပါတယ်။ ဒီလို သူမျိုးကို ခေါင်ဆောင် မတင်ထိုက်ဘူး။
၂။ ပုတ်သင် လိုလူ
=============
ပုတ်သင်လို လူစားမျိုးဆိုတာက ကိုယ်ပိုင်အရည်အချင်း ဘာမှမရှိပါဘူး။ သူများပြောတိုင်း ခေါင်းငြိမ့်တယ်။ ကိုယ်ပိုင်ဥာဏ်မရှိဘူး။ ဒီလိုသူမျိုးကိုလည်း ခေါင်းဆောင် မတင်ထိုက်ဘူး။
၃။ ကိုင်းပင် လိုလူ
============
ကိုင်းပင်လို လူစားမျိုး ဆိုတာကတော့ ခပ်ညံ့ညံ့ လူစားမျိုးပဲ။ နေရတကာ ရေလိုက်ငါးလိုက် နေတတ်တယ်။ အဆွယ်ကောင်းရင် ပါသွားတာချည်းပဲ။ ကောင်းတာဆို အဆွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင် မက်လုံးကောင်းရင် လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး။ ဒီလို လေယူရာယိမ်းတတ်တဲ့ ကိုင်းပင်လို လူမျိုးကိုလည်း ဆရာတစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။
၎။ နွားသိုး လိုလူ
===========
နွားသိုးလို လူမျိုးဆိုတာကတော့ အမှားအမှန် မဝေခွဲဘူး။ဘာမဆို ရှူးရှူးဒိုင်းဒိုင်း စွတ်ဒရွတ် လုပ်တတ်တယ်။ နှလုံးရည်နည်းပြီး လက်ရုံးရည်အားကိုးတဲ့ သူမျိုးတွေလို့ ဆိုလိုတယ်။ ဒီလိုလူမျိုးကို ခေါင်းဆောင်အဖြစ် တင်မိရင်လည်း အရာအားလုံးက ပျက်စီးဖို့ပဲများလို့ သူ့လိုလူမျိုးကိုလည်း ခေါင်းဆောင် မတင်ရဘူး။
၅။ လိပ် လိုလူ
==========
လိပ်လိုလူ ဆိုတာကတော့ အတ္တကြီးတဲ့ လူစားမျိုးကို ဆိုလိုတာ။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ ကိုယ့်အကျိုးစီးပွားကလွဲပြီး အောက်လက်ငယ်သားတွေ အပေါ် ဘာမှ ငဲ့မကြည့်တတ်တဲ့သူ။ တနည်းအားဖြင့် ပရဟိတ စိတ်မဝင်စားတဲ့ လူစားမျိုး လို့လည်း ပြောလို့ရတယ်။ သူလိုလူမျိုးကလည်း ခေါင်းဆောင်မတင်ထိုက်ဘူး။
၆။ ခွေးအ လိုလူ
===========
ခွေးအ လိုလူ ဆိုတာကတော့ ကောက်ကျစ်တတ်ကြတယ်။ ဘယ်နေရာမဆို နည်းမှန်လမ်းမှန်နဲ့ မသွားတတ်ဘူး။ ဘယ်သူ့ ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့ လူစားမျိုးတွေ။ ကိုယ့်လက်အောက်ငယ်တွေကိုလည်း ကိုယ့်လက်ခုပ်ထဲကရေလို ကိုယ်လိုရာမှာ အသုံးချတတ်ကြတယ်။ ဒါကြောင့် သူလိုလူမျိုးကလည်း ခေါင်းဆောင် မတင်ထိုက်ဘူး
#crd Uzar Gara
ပြန်လည်မျှဝေပါသည်
View more on Facebook
This site was designed with Websites.co.in - Website Builder
We appreciate you contacting us. Our support will get back in touch with you soon!
Have a great day!
Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support